မင်္ဂလာပါ Credit - lugyimin iPhoneနားကြပ်မှလုပ်ဆောင်ပေးနိုင်သော သုံးစွဲသူများသိပ်မသိသေးသည့် အချက် (၇) ချက် iPhone နားကြပ်မှာပါဝင်တဲ့ခလုတ်လေးသုံးခုက လုပ်ဆောင်ပေးနိုင်တဲ့အချက်တွေထဲက သုံးစွဲသူများသိပ်မသိသေးသည့် အချက်လေးတွေကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ – သီချင်းနားထောင်နေစဉ် နားကြပ်တွင်ပါဝင်သော Control Button သုံးခုအနက် အလယ်မှခလုတ်ကို နှစ်ချက်ဆက်တိုက်နှိပ်ပါက နောက်သီချင်းအသစ်တစ်ပုဒ်သို့ကျော်မည်။ – သီချင်းနားထောင်နေစဉ် နားကြပ်တွင်ပါဝင်သော Control Button သုံးခုအနက် အလယ်မှခလုတ်ကို သုံးချက်ဆက်တိုက်နှိပ်ပါက ယခင်သီချင်းသို့ ပြန်ဖွင့်ပေးမည်ဖြစ်သည်။ – သီချင်းနားထောင်နေစဉ် နားကြပ်တွင်ပါဝင်သော Control Button သုံးခုအနက် အလယ်မှခလုတ်ကို ပထမတစ်ချက်နှိပ်ပြီးသည်နှင့်ဒုတိယတစ်ချက်ကိုမလွှတ်တော့ဘဲနှိပ်ထားလိုက်ပါ ( Double Click + Hold) ။ သီချင်းကိုနောက်သို့ အနှေးရစ်အနေဖြင့် Play ပေးပါလိမ့်မည်။ – သီချင်းနားထောင်နေစဉ် နားကြပ်တွင်ပါဝင်သော Control Button သုံးခုအနက် အလယ်မှခလုတ်ကို ပထမတစ်ချက်နှိပ် ၊ ဒုတိယတစ်ချက်နှိပ် ပီးသည်နှင့် တတိယတစ်ချက်ကိုမလွှတ်တော့ဘဲနှိပ်ထားလ...